နိုင်ငံတော်အား
ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်အဖြစ် ထူထောင်ရာတွင် အခြေခံ အုတ်မြစ်ခိုင်မာစေရန်နှင့်
ပြည်သူတို့၏ လူမှုစီးပွားဘဝ ဦးစားပေး လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက်
အစိုးရအနေဖြင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော်
ဆောင်ရွက်နေပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် ပြုပြင် ပြောင်းလဲရေး တတိယအဆင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်
စွမ်းဆောင်ရည် ပြည့်ဝစွာဖြင့် ထိထိရောက်ရောက် အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက်
အမှုထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၁၄) ဖွင့်ပွဲကို နေပြည်တော်ရှိ
နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ဇူလိုင်လ (၂၄)ရက် နံနက်ပိုင်းတွင် ကျင်းပသည်။ သင်တန်းဖွင့်ပွဲတွင်
ဒုတိယဝန်ကြီး ဦးတင်ဦးလွင် က ယခုဖွင့်လှစ်သည့် သင်တန်းသည် ဝန်ကြီးဌာနရှိ အမှုထမ်းများအားလုံး
စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ဆောင်ရွက်ချက် တစ်ခုဖြစ်ကြောင်း၊ အရာထမ်းများအတွက်
စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများကိုလည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများ
လက်တွေ့ လုပ်ငန်းခွင်တွင် အမှန်တကယ် လုပ်ဆောင်နေရသည့် ကိစ္စရပ်များ၊ သိသင့်သိထိုက် သည်များကို
တာဝန်ရှိသူများမှ ပို့ချသွားမည် ဖြစ်ကြောင်း၊ သင်တန်းသား များကလည်း မိမိတို့၏ လုပ်ငန်း
စွမ်းဆောင်ရည်များ မြင့်တက်လာစေရေး အတွက် စိတ်ရောကိုယ်ပါ လေ့လာသင်ယူ သွားကြရန် ပြောကြားခဲ့ကြောင်းနှင့်
သင်တန်းကို (၂)ရက်ကြာ ကျင်းပခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment