Thursday, July 31, 2014

ရုရှားနိုင်ငံ မော်စကိုမြို့ရဲ့ နေ့အပူချိန်ဟာ (၃၁)ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိ

ရုရှားနိုင်ငံ မော်စကိုမြို့ရဲ့ နေ့အပူချိန်ဟာ (၃၁-၇-၁၄) ရက်နေ့က (၃၁)ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိနေပေမယ့် ဒေသခံများကတော့ အပူဒဏ်ကိုမမှုပဲ ပျော်ရွှင်စွာ သွားလာ လှုပ်ရှားနေကြကြောင်း သိရပါသည်။ မော်စကို မြို့သားများဟာ ရေပန်းများ အရိပ်ရနေရာများသို့ သွားရောက်ပြီး အပူဒဏ်မှကင်းလွတ်ရန် ကြိုးစားနေကြကာ အချို့ကတော့ ထီးများဆောင်းခြင်း ရေခဲမုန့်များ စားသုံးခြင်းဖြင့် အပူလှိုင်းဖြတ်ခြင်းကို ရင်ဆိုင်လျှက်ရှိပါသည်။ ကရင်မလင်နန်းတော် တံတိုင်းများအနီးရှိ အလက်ဇန်ဒရော့ဗ်စကီ ဥယျာဉ်အတွင်းရှိ ရေပန်းများအတွင်းသို့လဲ လူငယ်များဟာ ခုန်ချဆော့ကစား လျှက်ရှိပါသည်။ ခန့်မှန်းချက်များအရ အပူချိန်ဟာ ဆက်လက်တည်မြဲမနေဘဲ ဩဂုတ်လ(၃)ရက်ခန့်မှစပြီး အပူချိန်အနည်းငယ် ကျဆင်းသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment