Thursday, July 31, 2014

တရုတ်လေယာဉ် ထုပ်လုပ်ရေးမှ နိုင်ငံရဲ့ပထမဆုံး ပြည်တွင်းဖြစ်လေယာဉ် (စီ-၉၁၉)ရဲ့ ဦးခေါင်းကို ထုပ်လုပ်နိုင်ခဲ့

တရုတ်လေယာဉ် ထုပ်လုပ်ရေးမှ နိုင်ငံရဲ့ပထမဆုံး ပြည်တွင်းဖြစ်လေယာဉ် (စီ-၉၁၉)ရဲ့ ဦးခေါင်းကို ထုပ်လုပ်နိုင်ခဲ့ပြီး လွှဲအပ်ပေးအပ်ပြီး ဖြစ်ကြောင်း သိရှိရပါသည်။ (စီ-၉၁၉)ရဲ့ ဒုတိယအပိုင်းကိုလဲ စီချွမ်ပြည်နယ်ရှိ စက်ရုံမှာ ပြီးခဲ့တဲ့ဇူလိုင်လက ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ကော်မက် လေယာဉ်ထုပ်လုပ်ရေးရဲ့ ပြောကြားချက်အရ သိရပါသည်။ ကျင်းရှီပြည်နယ်မှာလဲ လေယာဉ်တည်ဆောက်ရန်အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာများကို စုဆောင်းထားပြီးဖြစ်ကာ လေယာဉ်ကိုယ်ထည်ရဲ့အပိုင်း ပြီးစီးဖို့အတွက် ကြိုးစား လုပ်ဆောင် နေကြပါသည်။ လေယာဉ်ကိုယ်ထည်ကျဉ်းမြောင်းလှတဲ့ (စီ-၉၁၉)ဟာ ခရီးသည်(၁၈၀) တင်ဆောင်နိုင်ပြီး အကွာအဝေး ကီလိုမီတာ (၅ထောင်ကျော်) အထက်ပျံသန်းနိုင်တဲ့အတွက် ဘိုးအင်း(၇၃၇)နှင့် ဥရောပအဲဘတ်စ် အေ(၃၂၀)တို့နဲ့ ယှဉ်နိုင်မှာ ဖြစ်ပါသည်။ ၄င်းလေယာဉ်ရဲ့ လေယာဉ်မှူးအခမ်းထဲမှာ ကြီးမားတဲ့ပြုတင်းပေါက် လေးခုပါဝင်ပြီး လေကြောင်းကို ကောင်းစွာတွန်းလှန်နိုင်ဖို့ စီစဉ်ထားပါသည်။ (စီ-၉၁၉)ရဲ့ ရှေ့ပြေးပုံစံဟာ ယခုနှစ်နှောင်ပိုင်းမှာ အပြီးတိုင်တပ်ဆင်နိုင်မယ်လို့ ခန့်မှန်းထားပြီး ရည်မှန်ချက်အတိုင်း ဖြစ်လာပါက နောင်နှစ်အကုန်မှာ စတင်ပျံသန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment