ကိုရီးယား
သမ္မတနိုင်ငံ၊ အင်ချွန်းမြို့၊ ဂွမ်ဂျူးမြို့နှင့် ရိုဂျူးမြို့များ၌ ၂၀၁၅ ခုနှစ်၊ ဧပြီလမှ
မေလ (၃၁)ရက်နေ့အထိ Gyeonggi International Ceramic Biennale 2015 ( GICB 2015) ကို
ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကြွေထည်မြေထည်
အနုပညာ ဆန်းသစ်မှုများနှင့် တီထွင်ဖန်တီးမှုများအား ပြောင်မြောက်စွာ ပြုလုပ်ထားသည့် ကြွေထည်မြေထည်
ပစ္စည်းများကို ပါဝင်ပြသရန်အတွက် ပညာရှင်များ ပါဝင်လျှောက်ထား တက်ရောက်ရန် ဖိတ်ကြားပါကြောင်း၊
စာတမ်းဖတ်ပွဲများနှင့် ပညာရေးဆိုင်ရာ အစီအစဉ်များ အပါအဝင် အခြားနိုင်ငံတကာ အစီအစဉ်များကိုလည်း
စီစဉ်လျက်ရှိပါကြောင်း၊ အဓိက အစီအစဉ်များအတွက် ဝင်ခွင့် လျှောက်လွှာများကို OnLine မှ
လျှောက်ထားနိုင်ပြီး ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှ နိုဝင်ဘာလ (၇)ရက်နေ့အတွင်း
Website: www. kocet.org တွင် လက်ခံသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment