ဟိုတယ်နှင့်
ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် (၃၀-၆-၂၀၁၄)ရက်နေ့မှာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းရှိ
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် အစည်းအဝေး ခန်းမမှာ တွေ့ဆုံ၍ ကမ္ဘာ့အမွေအနှစ်
စာရင်းဝင်ဖြစ်သော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ စသည့် ဒေသများတွင် ခရီးသွားလုပ်ငန်း
တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ယင်းဒေသများအား ကမ္ဘာ့က ပိုမိုသိရှိအောင် ဝိုင်းဝန်းကူညီ
ဆောင်ရွက်နိုင်ရေး၊ မိမိတို့ပိုင် Website များနှင့်လည်း ထည့်သွင်း ကြော်ငြာပေးနိုင်ရေးနှင့်
နိုင်ငံတကာ ပြပွဲများမှာလည်း မဖြစ်မနေ ထည့်သွင်း ဖော်ပြနိုင်ရေး၊ ၂၀၁၄ ခုနှစ်အတွက်
ရည်မှန်းထားသော ဧည့်သည်(၃)သန်း ဝင်ရောက်နိုင်ရေးနှင့် ပတ်သက်၍လည်း အခုလို ကမ္ဘာ့အမွေအနှစ်
စာရင်းသို့ မြန်မာနိုင်ငံရှိ ဒေသ(၃)ခုအား သတ်မှတ်ထားခြင်းနှင့် မကြာမီ စတင်ဆောင်ရွက်မည်
E-Visa စနစ် ကျင့်သုံးမည့် ကိစ္စတို့အတွက် မျှော်မှန်းထားသော ဧည့်သည်(၃)သန်းထက် ကျော်လွန်သွားနိုင်မည်
ဖြစ်ကြောင်း ခန့်မှန်းသုံးသပ် ပြောကြားပါသည်။
No comments:
Post a Comment