Friday, August 8, 2014

နိုင်ဂျီးရီးယားနိုင်ငံမြို့တော် လာဂို့စ်မြို့ရှိ ဖတ်စ်-ကွန်ဆားလ်တဲန့်ဆေးရုံကို ပိတ်သိမ်း

အီဗိုလာဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံးခဲ့သည့်နေရာအဖြစ် မှတ်တမ်းတင်ပြီးနောက် နိုင်ဂျီးရီးယားနိုင်ငံမြို့တော် လာဂို့စ်မြို့ရှိ ဖတ်စ်-ကွန်ဆားလ်တဲန့်ဆေးရုံကို ပိတ်သိမ်းထားကြောင်း သိရပါသည်။ အသက်(၄၀)အရွယ် လိုင်ဘေးရီးယား ဘဏ္ဍာရေးဝန်ကြီးဌာနမှ အကြံပေးပုဂ္ဂိုလ် ပတ်ထရာ-ဆောရာဟာ ဇူလိုင်လ(၂၀)ရက်နေ့က လာဂို့စ်လေဆိပ်မှာ မူးလဲပြီး ၄င်းအား အိုဘာလန်ဒီရှိ ကွန်ဆားလ်တဲန့်ဆေးရုံမှာ သီးသန့်ထားရှိပြီး ဇူလိုင်လ(၂၅)ရက်နေ့မှာ သေဆုံးခဲ့ပါသည်။ ဩဂုတ်လ(၆)ရက်နေ့က နိုင်ဂျီးရီးယား သူနာပြုတစ်ဦးဟာလည်း ဒုတိယမြောက် အီဗိုလာကူးစက်ခံရသူဖြစ်ပြီး ဩဂုတ်လ(၆)ရက်နေ့က သေဆုံးခဲ့ပြီဖြစ်ပါသည်။ ယခုဆေးရုံကို ဇူလိုင်လ(၂၈)ရက်နေ့က စတင်ပိတ်ထားခဲ့ပြီး လူနာ(၅)ဦးထက် မနည်းကို သီးသန့်ခွဲခြားထားရှိပါသည်။ အီဗိုလာဟာ ဂီနီရဲ့ သစ်တောဒေသအတွင်းမှ မတ်လက စတင်ဖြစ်ပွားခဲ့ပြီး ၄င်းနေရာမှာ သေဆုံးသူဦးရေဟာ မြင့်တက်လျှက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment