ရုရှားသမ္မတ
ဗလာဒီမီယာပူတင်ဟာ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုတိုးမြှင့်ခဲ့သည့် နိုင်ငံများမှ ပစ္စည်းများ
တင်သွင်းခြင်းကို တားမြစ်ထားကြောင်း သိရပါသည်။ ယူကရိန်းအရေးနဲ့ ပက်သက်ပြီး ရုရှားအပေါ်
ပိတ်ဆို့မှုများတိုးမြှင့်ခဲ့တဲ့ နိုင်ငံများမှ အစားအသောက်နဲ့ လယ်ယာစိုက်ပျိုးရေးနဲ့
ပက်သက်သည့် ထုတ်ကုန်များ တင်သွင်းမှုကို တစ်နှစ်စာ တားမြစ်ခြင်း(သို့) ကန့်သတ်ခြင်းတို့
ပြုလုပ်မှာဖြစ်ကြောင်း (၇-၈-၁၄) ရက်နေ့က ပြောကြားခဲ့ပါသည်။ အနာဂတ်မှာ မူကြမ်းရေးဆွဲလျှက်ရှိကြောင်း
အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် နာတာလီအာ တီမာကိုဗာက နိုင်ငံပိုင်မီဒီယာ အာအိုင်အေကို
ပြောကြားခဲ့ပါသည်။ ရုရှားဟာ ဥရောပနိုင်ငံများမှ စားသောက်ကုန်တင်သွင်းမှုကို ရပ်တန့်ထားပြီးဖြစ်သလို
အမေရိကန်မှ ကြက်သားဆိုင်ရာ ထုတ်ကုန်များ ဝယ်ယူမှုပမာဏကို ကန့်သတ်သွားမှာဖြစ်ပါသည်။ ရုရှားဟာ
အိမ်နီးချင်း အနောက် နိုင်ငံများရဲ့ နယ်စပ်တစ်လျှောက်မှာ တပ်ဖွဲ့အင်အားကို (တစ်သောင်းနှစ်ထောင်)မှ
(၂သောင်း) အထိ တိုးမြှင့်ခဲ့ကြောင်း နေတိုးတပ်ဖွဲ့မှ ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။
No comments:
Post a Comment