ကူးစက်ရောဂါ
အထူးတားမြစ်ရေးအဖွဲ့ (အိတ်ခ်ျ-အက်စ်-အိုင်-ဒီ-ယူ)ကို ဗြိတိန်နိုင်ငံ လန်ဒန်ရဲ့ အခမဲ့တော်ဝင်ဆေးရုံမှာ
ထူထောင်လိုက်ပြီ ဖြစ်ကာ ကူးစက်ရောဂါ ထိန်းသိမ်းရာမှာ ကောင်းစွာ သင်တန်းပေးပြီး ဆရာဝန်(၇)ဦးသာ
ဝင်ခွင့်ရကြောင်း သိရပါတယ်။ အလိုအလျောက် သော့ပိတ်တဲ့ တံခါးများ တပ်ဆင်ထားပြီး ဒီအဖွဲ့မှာ
သူနာပြု အဖွဲ့ငယ်လေးတစ်ဖွဲ့သာ ဝင်ထွက်ခွင့်ရှိကြောင်းနဲ့ သီးခြားခမ်းမ(၂)ခု ပါဝင်ကာ
(၁)ခန်းစီဟာ ကုတင်အလုံး(၂၀) ဝင်ဆံ့နိုင်အောင် ကျယ်ဝန်းကြောင်း သိရပါတယ်။ ဗြိတိန်မှာ
အီဗိုလာပျံပွားမှု လက္ခဏာ မတွေ့ရသေးပေမယ့် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်အရ လန်ဒန်အနေနဲ့
ကြိုတင်ပြင်ဆင်မှု ပြုလုပ်ဖို့ ညှိနှိုင်းအစည်းအဝေး အပြီးမှာတော့ အကယ်၍ ရောဂါပျံပွားလာရင်တော့
ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။ ရောဂါများ ပျံပွားလာခဲ့ရင်လည်း
ဘယ်လိုကိုင်တွယ် ပြင်ဆင်ရမယ် ဆိုတာကိုလည်း ဝန်ကြီးများ အဆင့်အထိ ကြိုတင်ဆွေးနွေးထားပြီး
ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။
No comments:
Post a Comment