Thursday, August 7, 2014

အီဗိုလာပျံနှံမှုကို ထိန်းသိမ်းနိုင်ရန် ညှိနှိုင်း ဆွေးနွေး




တာင်အာဖရိက ဖွံဖြိုးတိုးတက်ရေး အသိုက်အဝန်း (အက်စ်-အေ-ဒီ-စီ)ရဲ့ ကျန်းမာရေးဝန်ကြီးဌာနများဟာ ဂျိုဟန်-နက်စဘတ်စ်မှာ မနေ့က အရေးပေါ် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး ဒေသတွင်း အီဗိုလာပျံနှံမှုကို ထိန်းသိမ်းနိုင်ဖို့ ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အာဖရိကတောင်ပိုင်းသို့ ပျံပွားလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုများ ဆွေးနွေးရာမှာ မာလာဝီ ကျန်းမာရေးဝန်ကြီးနဲ့အတူ (၁၃)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အာဏာပိုင်များအနေနဲ့ ပြင်ဆင်ထားဖို့ သာမက အီဗိုလာနဲ့ စပ်လျဉ်းပြီး အသိပညာပေးခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ နိုးကြားနေဖို့ လိုကြောင်း ၄င်းက ထပ်လောင်း ပြောကြားလိုက်ပါတယ်။ အာဖရိကအနောက်ပိုင်းမှာ ရောဂါပျံပွားနေပြီး အီဗိုလာ ထိန်းသိမ်းသူ လုပ်သားများ အပါအဝင် လူဦးရေ (၁ထောင်ခန့်) သေဆုံးခဲ့ပြီဖြစ်ကြောင်းနဲ့ အနောက်ပိုင်း အာဖရိကမှာ လုပ်ကိုင်နေတဲ့ လုပ်သားများကတော့ ရောဂါထိန်းချုပ်ဖို့ အကူအညီလိုကြောင်း ပြောကြားထားကာ (ဒဘလယူ-အိတ်ခ်ျ-အို)ရဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့အထိ ထုတ်ပြန်ချက်အရ ရောဂါကြောင့် (၉၃၂)ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း သိရှိရပသည်။

No comments:

Post a Comment