Friday, August 1, 2014

မွန်ပြည်နယ် ကိုယ်ပွား သတင်းစာတိုက် (မော်လမြိုင်) ဖွင့်ပွဲ အခမ်းအနား

မွန်ပြည်နယ် ကိုယ်ပွား သတင်းစာတိုက် (မော်လမြိုင်) ဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ (၁)ရက်နေ့ ဒီကနေ့ နံနက်တွင် ကိုယ်ပွား သတင်းစာတိုက် ကြာအင်းကျေးရွာ မော်လမြိုင်မြို့နယ်တွင် ကျင်းပရာ ကိုယ်ပွား သတင်းစာတိုက် (မော်လမြိုင်)အား မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးကျင်ဖေ၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးနဲ့ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာ တိုးတိုးအောင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပါသည်။ ဆက်လက်ပြီး ကိုယ်ပွား သတင်းစာတိုက် ကမ္ပည်းမော်ကွန်းကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းတို့က စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးခဲ့ပါသည်။ ဆက်လက်ပြီး ပုံနှိပ်စက်ကို ပြည်နယ် ဝန်ကြီးချုပ်များက စက်ခလုတ်နှိပ်ပြီး စတင်မောင်းနှင် ဖွင့်လှစ် ပေးပါသည်။ အဲဒီနောက် ကိုယ်ပွား သတင်းစာတိုက် ပုံနှိပ်စက် ရုံးအတွင်း ကြည့်ရှုကြပါသည်။


No comments:

Post a Comment