ကယားပြည်နယ်
ဝန်ကြီးချုပ်မှ စည်ပင်သာယာရေး ဝန်ထမ်းများသို့ တွေ့ဆုံမှာကြားသည့် အခမ်းအနားကို ဇူလိုင်လ
(၃၁)ရက်နေ့ နံနက်တွင် လွိုင်ကော်မြို့ စည်ပင်သာယာရေးရုံး ၌ ကျင်းပရာ ကယားပြည်နယ် ဝန်ကြီးချုပ်
ဦးခင်မောင်ဦး က ကောင်းမွန်သော နိုင်ငံတော်ပြုပြင် ပြောင်းလဲမှု တတိယအဆင့်နှင့် အုပ်ချုပ်မှုစနစ်၊
သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေး ကဏ္ဍတို့နဲ့ စပ်လျဉ်း၍
မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး ကယားပြည်နယ် ဥပဒေချုပ် ဦးဌေးအောင်မှ ရှင်းလင်း ပြောကြားရာမှာ
ဝန်ထမ်းများသည် အဓိက ဥပဒေနှင့် ကိုက်ညီသည့် လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ကြရန်၊
အမိန့်ကြော်ငြာ ထုတ်ပြန်ရေးတွင် အားလုံးပူးပေါင်းပြီး မှန်ကန်သော ဥပဒေဘောင် အတွင်းသို့
ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာကြသည့် စည်ပင်သာယာရေး ကော်မတီဝင်များနှင့်
ဝန်ထမ်းများက သိရှိလိုသည်များကို ပြန်လည်တင်ပြကြကာ ကယားပြည်နယ် ပြည်နယ် ဝန်ကြီးချုပ်က
နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။
No comments:
Post a Comment