စပါးစိုက်ပျိုးချိန်တွင်
ပိုးမွှားများ ကျရောက်မှုကြောင့် စိုက်ပျိုးထားသော စပါးများ လေလွှင့်ဆုံးရှုံးမှု မဖြစ်ပေါ်ရေးနှင့်
အသုံးပြုသင့်သော ပိုးသတ်ဆေးများနှင့် အသုံးမပြုသင့်သော လူကိုအန္တရာယ် ဖြစ်စေသည့် ပိုးသတ်ဆေးများနှင့်
ပတ်သက်ပြီး တောင်သူများအား အသိပညာပေးခြင်းကို ဩဂုတ်လ (၇)ရက်က ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ၊
ဝါးတန်း ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ရာ မြို့နယ်ဝေါဗွီရှင်မှ စိုက်ပျိုးရေး ကျွမ်းကျင်ဝန်ထမ်း
ဦးကျော်လင်းဦး က စပါးစိုက်ပျိုးချိန်တွင် ကျရောက်တတ်သော ပိုးမွှားများနှင့် အန္တရာယ်ရှိစေသော
ပိုးမွှားများအကြောင်း၊ ပိုးသတ်ဆေး အသုံးပြုခြင်းကြောင့် စားသုံးသူနှင့် သုံးစွဲသူများကို
အန္တရာယ်ဖြစ်စေတတ်ပုံနှင့် ကိုင်တွယ်အသုံးပြုပုံ အသုံးပြုသင့်သော ပိုးသတ်ဆေးများနှင့်
အသုံးမပြုသင့်သော ပိုးသတ်ဆေးများ အကြောင်းကို ဆွေးနွေး ပြောကြားသည်။ အဲဒီနောက် တက်ရောက်လာသော
တောင်သူများမှ သိရှိလိုသည်များကို မေးမြန်းရာ ဝေါဗွီရှင် ပုလောဒေသ ဖွံ့ဖြိုးရေးဝန်ထမ်း
ဦးရဲနိုင် က ပြန်လည်ဖြေကြားပြီး အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment