စစ်ကိုင်းတိုင်းဒေသကြီး
မုံရွာမြို့ မဟာဇောတိကာ ရာမကျောင်းတိုက် သံဃာတော် အရှင်သူမြတ်တို့အား သာသနာဝင် စိစစ်ရေးကတ်ပြား
ဆက်ကပ်ပွဲ အခမ်းအနားကို ဩဂုတ်လ (၃)ရက်နေ့တွင် မုံရွာမြို့ မဟာဇောတိကာ ရာမကျောင်းတိုက်၊
သန်းကုဋေအောင် သာသနာ့ ဗိမာန်တော်တွင် ကျင်းပရာ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ရေး ဦးစီးမှူး ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများက သံဃာတော်
တစ်ပါးချင်းစီနှင့် ဥက္ကဌဆရာတော်တို့အား သာသနာဝင် စိစစ်ရေးကတ်ပြားများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန အနေဖြင့် မုံရွာမြို့ပေါ်ရှိ
ဘုန်းတော်ကြီးကျောင်း (၅၀၈)ကျောင်းမှ ဝါဆိုသံဃာတော် (၃)ထောင် (၄၁၂)ပါး ရှိသည့်အနက်မှ
သာသနာဝင် စိစစ်ရေးကတ်ပြား ဆက်ကပ်ပြီး (၃)ထောင် (၂၁၈)ပါး၊ ကျန်ရှိ(၁၉၄)ပါးမှ အခု အခမ်းအနားတွင်
မဟာဇောတိကာ ရာမကျောင်းတိုက်မှ သံဃာ(၈၈)ပါးတို့အား သာသနာဝင် စိစစ်ရေးကတ်ပြားများ ဆက်ကပ်ပေးခဲ့ကြောင်း
သိရှိရသည်။
No comments:
Post a Comment