Thursday, August 7, 2014

(၄၇)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးသို့တက်ရောက်မည့် (ဘရူနိုင်း၊ လာအို)နိုင်ငံတို့မှ ကိုယ်စားလှယ်များ ရောက်ရှိ




ဩဂုတ်လ(၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပမည့် (၄၇)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဘက် နိုင်ငံများမှ တက်ရောက် ဆွေးနွေးကြမှာ ဖြစ်ပါသည်။ ဩဂုတ်လ(၆)ရက်နေ့ ညနေပိုင်းမှာ ဘရူနိုင်း နိုင်ငံမှ အိမ်ရှေ့မင်းသားနှင့် ကြင်ယာတော်တို့သည် ၎င်း၊ ညပိုင်းမှာ လာအို နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အဖွဲ့သည်၎င်း၊ သြဂုတ်လ (၇)ရက်နေ့ ညပိုင်းမှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဘက် နိုင်ငံများမှ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment