Thursday, August 7, 2014

ရေဘေးသင့်ပြည်သူများအား ကူညီမှုများပြုလုပ်




ရန်ကုန်တိုင်းဒေသကြီးတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မှော်ဘီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်မှာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ရေမြှုပ်သည့် အိမ်ခြေ ၁၅၀၀၅ အိမ်ရှိပြီး၊ လူဦးရေ ၆၀၀၀ ရေဘေးသင့်မှုကို ကြုံတွေ့နေရပါသည်။ မိုးဆက်တိုက်ရွာသွန်းမှု၊ ၀ါးနက်ချောင်းနှင့် ငါးဆူတောင်မှကျလာသော တောင်ကျရေကြောင့် အနိမ့်ပိုင်းဖြစ်သော အမှတ်(၄)ရပ်ကွက်နေ ပြည်သူများ ရေဘေးသင့်ခဲ့ကြောင်း သိရှိရပါသည်။ အမှတ်(၄)ရပ်ကွက်နေ ရေဘေးသင့် ပြည်သူများအား မှော်ဘီမြို့နယ်အနီးအနားရှိ ကျေးရွာပေါင်းစုံမှ စေတနာရှင်ပြည်သူများမှ ထမင်းထုပ်နှင့် အစားအစာများကို အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ လာရောက်ပို့ဆောင်ကူညီပေးလျက်ရှိပါသည်။ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများက ရေဘေးသင့်ပြည်သူများ၏ ကျန်းမာရေး စောက်ရှောက်မှုများအတွက် ဆေးဝါးကုသမှုများကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြန်မာနိုင်ငံ၏ တချို့ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိပါသည်။ ယခုလို ရေကြီးမှုကြောင့် ရပ်ကွက်နေပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ရေဘေးသင့်ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို သက်ဆိုင်ရာမှ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

No comments:

Post a Comment