Sunday, August 31, 2014

အီရတ်နိုင်ငံမြောက်ပိုင်း အမ်မာလီရှိ ဒေသခံတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့

အီရတ်နိုင်ငံမြောက်ပိုင်း အမ်မာလီရှိဒေသခံတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရပါသည်။ လက်နက်ကိုင်တွေနဲ့ ချောင်ပိတ်မိနေတဲ့ ဒေသခံ တစ်သောင်းငါးထောင်တို့ကြား တင်းမာမှုတွေ မြင့်တက်လာတာကြောင့် ယခုလိုဖြစ်ရပ်မျိုး တစ်ပတ်ကြာလောက် ဆက်လက်ဖြစ်ပွါးနေတာ ဖြစ်ပါတယ်။ အီရတ်တပ်မတော်နဲ့ ကာ့ဒ်တပ်ဖွဲ့ဝင်တွေဟာ လက်နက်ကိုင်တွေကို ဆန့်ကျင်တိုက်ခိုက်နေပေမဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အကူအညီတောင်းခံခဲ့ပါသည်။ အမေရိကန်တပ်ဖွဲ့ဟာ ဩစတြေးလျနဲ့ ဥရောပနိုင်ငံများမှ လေယာဉ်တွေနဲ့အတူ လက်နက်ကိုင်များ နေထိုင်ရာသို့ မနေ့ညက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဒေသတွင်းကိုတော့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို လေကြောင်းမှ ပစ်ချပေးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment