Sunday, August 31, 2014
ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ် နာဝပ်ရှာရစ်ဖ် ရာထူးမှ နှုတ်ထွက်ရေးနဲ့ပတ်သက်ပြီး ပြည်တွင်းဆူပူအုံကြွမှုများ ဖြစ်ပေါ်
ပါကစ္စတန်နိုင်ငံတွင်
ဝန်ကြီးချုပ် နာဝပ်ရှာရစ်ဖ် ရာထူးမှနှုတ်ထွက်ရေးနဲ့ပတ်သက်ပြီး ပြည်တွင်းဆူပူအုံကြွမှုများ
ဖြစ်ပေါ်နေပါသည်။ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့ဟာ အစ္စလာမ်မာဘတ်မြို့ရှိ ဆန္ဒပြသူများကို
ရော်ဘာကျည်ဆံများ မျက်ရည်ယိုဗုံးများနဲ့ ပစ်ခတ်ခဲ့ရာ လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့
သိရပါသည်။ ဆန္ဒပြသူများဟာ ဝန်ကြီးချုပ် နာဝပ်ရှရစ်ဖ်ရဲ့ နေအိမ်ကိုလည်း တိုက်ခိုက်ခဲ့ပါသည်။
၎င်းတို့ကို အတိုက်အခံခေါင်းဆောင် အင်မရန်းခန်တာယာ အူလ်ကာဒရီတို့ ဦးဆောင်ကာ ဝန်ကြီးချုပ်
နှုတ်ထွက်ခြင်းမပြုသရွေ့ လက်လျှော့မှာမဟုတ်ကြောင်း ပြောကြားခဲ့ပေမဲ့ ရှရစ်ဖ်ကလည်း ၄င်းအနေနဲ့
ရာထူးမှနှုတ်ထွက်မှာ မဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment