Thursday, August 7, 2014

အမေရိကန် ပြည်ထောင်စု တောင်ပိုင်းမှ တရားမဝင် ရွေ့ပြောင်းလာသူများ၏ စိမ့်ဝင်မှုဟာ ပြသနာ တစ်ခုဖြစ်လာ

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းမှ လတ်တလော တရားမဝင် ရွေ့ပြောင်းလာသူများ၏ စိမ့်ဝင်မှုဟာ ပြသနာတစ်ခုဖြစ်လာပြီး ဒီပြသနာဟာ အမေရိကန်ပြည်ထောင်စုနဲ့အတူ အမေရိက အလယ်ပိုင်း အစိုးရတို့ပူးပေါင်း ကိုင်တွယ်ရမှာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတ ဂျိုး-ဘိုင်ဒန်က (၈-၈-၁၄) ရက်နေ့က ပြောကြားလိုက်ပါသည်။ အမေရိကန် ပြည်ထောင်စုအတွင်းသို့ တံခါးမရှိ၊ ဓါးမရှိ ဝင်ရောက်ခွင့်ရယ်လို့ မရှိကြောင်း ဘိုင်ဒန်က ထပ်လောင်း ပြောကြားလိုက်ပါသည်။ ပြီးခဲ့တဲ့သီတင်းပတ်ကတော့ အရေးပေါ်အခြေအနေများမှာ ကူညီဆောင်ရွက်ဖို့ အမေရိကန်ဒေါ်လာ (၃.၇)ဘီလီယံ အဆိုပြုတင်သွင်းတဲ့ အိုဘားမားရဲ့ အကြံပေးချက်ကို ကွန်ကရက်လွှတ်တော်က ပယ်ချခဲ့ပါသည်။ ဒီအစဉ်မှာတော့ ရွေ့ပြောင်းလာတဲ့ ကလေးငယ်များကို ကိုယ်စားပြုထောက်ပံ့သူ ရှေ့နေများအတွက် မတည်ငွေ အမေရိကန်ဒေါ်လာ (၁၅)သန်းကို ထည့်သွင်းရေဆွဲထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment