Thursday, August 7, 2014

အမေရိကန်နှင့် ဥရောပအင်အားစုတို့ရဲ့ စီးပွားရေး ပိတ်ဆို့မှုများကြောင့် ရုရှား၏ စီးပွားရေး ယန္တရားဟာ နှောင့်နှေးတုံ့ဆိုင်းဟု သမ္မတအိုဘားမား ပြောကြား

အမေရိကန်နှင့် ဥရောပအင်အားစုတို့ရဲ့ စီးပွားရေး ပိတ်ဆို့မှုများကြောင့် ရုရှား၏ စီးပွားရေး ယန္တရားဟာ နှောင့်နှေးတုံ့ဆိုင်းနေခဲ့ပြီ ဖြစ်ကြောင်း သမ္မတ အိုဘားမားက (၇၈-၁၄) ရက်နေ့က ပြောကြားလိုက်ပါသည်။ ယူကရိန်းဟာ ၄င်းရဲ့အရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေကို ရှင်းလင်းဖို့ လက်နက်ပြည့်စုံကြောင်း ထပ်လောင်ပြောကြားလိုက်ပါသည်။ ယူကရိန်းရဲ့ နယ်စပ်မှာ ရုရှားတပ်တွေက စုဝေးနေခဲ့လို့ ယူကရိန်းကို အမေရိကန်က ထောက်ပံ့မှုပေးဖို့ စဉ်းစားမှာလားဆိုသည့် အမေးကိုတော့ ရုရှား၏ စစ်အင်အားဟာ ယူကရိန်းထက် အလွန်ပင် အားကောင်းကြောင်း မှတ်ချတ်ချပြီး ရုရှား၏ နယ်မြေချဲ့ထွင်မှုကို မျက်မြင်ဒိဌ မြင်နေရရင်တော့ ဒါဟာသိသာတဲ့ တခြားမေးခွန်းဖြစ်ပါလိမ့်မယ်။ ဒီအခြေအနေ၊ ဒီအဆင့်ထိမရောက်သေးကြောင်း အိုဘားမားကပြောကြားခဲ့တယ်လို့ သိရှိရပါသည်။

No comments:

Post a Comment