ရန်ကုန်အနောက်ပိုင်း
တက္ကသိုလ်၊ ကုန်ထုတ်ဓါတုဗေဒ ဌာနမှ ကြီးမှူးပြုလုပ်သည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ကုန်ထုတ်ဓါတုဗေဒ
ဘာသာရပ်ဆိုင်ရာ ပညာပေး ဟောပြောပွဲကို ဩဂုတ်လ
(၆)ရက် နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၌ ကျင်းပရာ မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများ
အသင်း၊ တွဲဖက် အတွင်းရေးမှူး ဦးဝင်းထင် က Awareness
of Hazardous Chemicals ခေါင်းစဉ်ဖြင့် ပညာပေး ဟောပြောသည်။ ဟောပြောပွဲသို့
ပါမောက္ခချုပ် ဒေါက်တာခိုင်မြဲ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်သီတာ၊ ပါမောက္ခ/ ဌာနမှူးများ၊
ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ(၄၀ဝ)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment