ဩဂုတ်လ
(၁)ရက်နေ့မှ (၆)ရက်နေ့အထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ချောင်းများ ရေလျှံတတ်ကာ
ညောင်လေးပင်မြို့ အတွင်းရှိ လယ်ယာမြေများ ရေကြီးနစ်မြှုပ်ခြင်း ခံခဲ့ရပါသည်။ ရာသီမိုး
အဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ချောင်းများ ရေလျှံတက်ကာ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့
အတွင်းရှိ ကျေးရွာအုပ်စုပေါင်း (၃၅)အုပ်စု၊ ကွင်းပေါင်း(၁၂၄)ကွင်း၊ တောင်သူပေါင်း
(၂၈၆၆)ဦး၊ ဦးပိုင်ပေါင်း (၃၅၁၂) ဧက၊ ဧရိယာပေါင်း (၁၈၆၉၆) ဧကရှိသော စိုက်ပျိုးပြီး လယ်ယာမြေများ
ရေလွှမ်းမိုးခံခဲ့ရသဖြင့် တောင်သူများ အခက်တွေ့ကြုံ နေရပါသည်။ အဆိုပါ ကျေးရွာအုပ်စုများထဲတွင်
မုက္ခမူကျေးရွာရှိ အမကကျောင်းနှင့် ရေဖြူကန်ကျေးရွာရှိ အမကမူလွန်ကျောင်းတို့ ရေကြီးခဲ့သဖြင့်
ခေတ္တကျောင်းပိတ် ထားခဲ့ရပြီး မုက္ခမူကျေးရွာ အိမ်ခြေ(၂၅)လုံး၊ အိမ်ထောင်စု(၂၁)စု၊ လူဦးရေ(၉၈)ဦး၊
ရေတွင်းကုန်းကျေးရွာတွင် အိမ်ခြေ(၄၅)လုံး၊ အိမ်ထောင်စု(၄၅)စု၊ လူဦးရေ(၂၂၄)ဦး၊ ရေဖြူကန်ကျေးရွာတွင်
အိမ်ခြေ(၂၉)လုံး၊ အိမ်ထောင်စု(၂၉)စု၊ လူဦးရေ(၁၃၀)တို့အား နီးစပ်ရာ ဆွေမျိုးများထံသို့
ခေတ္တ ရွေ့ပြောင်းခဲ့ရသည်။ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သီဟနှင့် ဌာနဆိုင်ရာ
တာဝန်ရှိသူများ၊ မုက္ခမူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနန်းလွင်၊ ရေဖြူကန်ကျေးရွာ အုပ်ချုပ်ရေးမှူး
ဦးအောင်မိုးတို့သည် ရေကြီးခံခဲ့ရသော လယ်ယာမြေများသို့ ကွင်းဆင်းစစ်ဆေးကာ စာရင်းများ
ကောက်ယူပြီး လိုအပ်သည်များကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment