Thursday, August 7, 2014

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် (၄) ကြိမ် မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၏ (၄)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲ အခမ်းအနားကို အခုလ နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် တက္ကသိုလ်ဆေးရုံတွင် ကျင်းပခဲ့ရာ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာလွင်လွင်စိုး က အဖွင့်အမှာစကား ပြောကြားပြီးနောက် တက္ကသိုလ်ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးက သွေးလှူဒါန်းခြင်းမှ ရရှိလာသော အကျိုးကျေးဇူးများနှင့် ကျေးဇူးတင်စကား ပြန်လည် ပြောကြားပါသည်။ အဲဒီနောက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများက အသီးသီး စုပေါင်း သွေးလှူဒါန်း ခဲ့ကြကြောင်း သိရှိရသည်။


No comments:

Post a Comment