Thursday, August 7, 2014

မြစ်ကြီးနားခရိုင်၊ ခတ်ချိုကျေးရွာ အထကကျောင်း ရွှေနဒီကျောင်းဆောင်သစ်ဖွင့်ပွဲ

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၏ ရွှေနဒီ ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ (၆)ရက်နေ့ နံနက်တွင် ကျင်းပရာ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာနဲ့ တာဝန်ရှိသူများက ရွှေနဒီ ကျောင်းဆောင်သစ်ကြီးအား ဖွင့်လှစ် ပေးခဲ့သည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးမှ အမှာစကား ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းသမိုင်း အကျဉ်းနှင့် ပညာရေး တိုးတက်မှု အခြေအနေတို့ကို တင်ပြဆွေးနွေးခဲ့ပြီး ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှု စာရင်းဇယားများနှင့် ကျောင်းဆောင်ကို ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးမြင့်ဇော် ထံ ကျောင်းအုပ်ဆရာမကြီးမှ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ အဲဒီနောက် ခတ်ချိုကျေးရွာ ကျောင်းသားမိဘ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ရွှေနဒီ ကျောင်းဆောင်သစ် ဖွင့်ပွဲနဲ့ ပတ်သက်ပြီး ကျောင်းအုပ်ဆရာမကြီးမှ အခုလို ပြောပါသည်။


No comments:

Post a Comment