ဂျပန်နိုင်ငံခြားရေးဝန်ကြီး
ဖူမီနို-ကီရှီဒါဟာ စီးပွားရေးနဲ့ ရေကြောင်းလုံခြုံရေးမှာ ပူးပေါင်းလုပ်ဆောင်မှု တိုးမြှင့်ရန်
(၃)ရက်ကြာခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဗီယက်နမ်ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး
ဖန်ကင်းမင်းနဲ့ သြဂုတ်လ (၁)ရက်နေ့ မှာ တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ ခရီးစဉ်အတွင်း ကီရှီဒါဟာ
(၆)ကြိမ်မြောက် ဂျပန်-ဗီယက်နမ်ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီတွေ့ဆုံပွဲမှာ သဘာပတိအဖြစ်
ဆောင်ရွက်ခဲ့ပါသည်။ တွေ့ဆုံပွဲပြီးတဲ့နောက် ကီရှီဒါဟာ ရေတပ်လေ့ကျင့်မှုများနဲ့ ရေယာဉ်(၆)စင်း
ထောက်ပံ့ပေးမှာဖြစ်ကြောင်းနဲ့ တောင်တရုတ်ပင်လယ် အခြေအနေများကို တည်ငြိမ်မှုရရှိရေး အကူအညီပေးနိုင်ဖို့
မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဂျပန်နိုင်ငံဟာ ဗီယက်နမ်ရှိ ရင်းနှီးမြှုပ်နှံသူများတွင်
ထိပ်ဆုံးမှ ဦးဆောင်လျှက်ရှိပြီး နှစ်နိုင်ငံကုန်သွယ်မှုဟာ (၂၀၁၃)မှာ ဒေါ်လာ (၂၄)ဘီလီယံကျော်ရှိပြီး
(၂၀၁၄)မေလကုန်မှာ ဗီယက်နမ်ရှိစီမံကိန်း (၂၂၈၈)မှာ ဒေါ်လာ(၃၅.၆)ဘီလီယံနီးပါး ရင်နှီးမြှုပ်နှံခဲ့ကြောင်း
ဗီယက်နမ် ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
No comments:
Post a Comment