အစ္စရေးနဲ့
ဟားမတ်ဇ် လက်နက်ကိုင်များအကြား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ (၃)ရက်ကြာ အပစ်အခတ်ရပ်စဲရေး
သဘောတူညီချက်ရရှိခဲ့ပြီး သြဂုတ်လ (၁)ရက်နေ့ မနက်(၈)နာရီမှာ စတင်ခဲ့တာဖြစ်ပါသည်။ ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က မနေ့ကညနေပိုင်းက ကြေငြာခဲ့တာဖြစ်ပါသည်။
ဒါ့အပြင် ဂါဇာပြည်သူများ လွတ်လပ်စွာ သွားလာနိုင်မှာဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ပါသည်။
အီဂျစ်အစိုးရကလည်း ခိုင်မြဲတဲ့ အပစ်အခတ်ရပ်စဲရေး ရရှိဖို့အတွက် ဆွေးနွေးညှိနှိုင်းပွဲကို
လက်ခံကျင်းပမှာဖြစ်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်းတို့မှ ကိုယ်စားလှယ်များဟာလည်း ကိုင်ရိုသို့
ထွက်ခွာတော့မှာဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment