မြန်မာတင်းနစ်
အားကစား ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တင်းနစ်အားကစားနည်း လူငယ်များ စနစ်တကျ ကစားတတ်စေရေးကို
ရည်ရွယ်၍ အားကစား ဝန်ကြီးဌာနနှင့် တင်းနစ်အားကစား အဖွဲ့ချုပ်တို့ ပူးပေါင်း ဖွင့်လှစ်သော
ကျောင်းသားလူငယ်များ တင်းနစ် အားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေး သင်တန်းအား ဩဂုတ်လ(၄)ရက်မှ
(၉)ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ တင်းနစ် အားကစားကွင်း၌ နေပြည်တော်ရှိ အ.ထ.က (၈၊ ၉၊
၁၀၊ ၁၁)မှ အသက်(၈)နှစ်မှ (၁၁)နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ အင်အား(၄၀၀)ဖြင့် ဖွင့်လှစ်သင်ကြား
လျက်ရှိသည်။ ဩဂုတ်လ (၇)ရက်နေ့တွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ အားကစား
ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံခဲ့ပါသည်။
No comments:
Post a Comment