Friday, August 8, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများနှင့် တွေ့ဆုံ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် (၄၇)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ရန် ရောက်ရှိနေကြသည့် အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများအား သြဂုတ်လ (၈)ရက်နေ့ မနက်ပိုင်းမှာ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၁) ပုလဲခန်းမမှာ လက်ခံ တွေ့ဆုံခဲ့ပါသည်။ အဲဒီတွေ့ဆုံပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့ တက်ရောက်ကြပြီး အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့်အတူ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်လည်း တက်ရောက် ခဲ့ပါသည်။


No comments:

Post a Comment