Sunday, August 31, 2014

ဒုတိယဝန်ကြီး ဦးစိုးတင့် ဒဂုံမြို့သစ် (၄)မြို့နယ်အတွင်း ရေကြီးရေလျှံမဖြစ်စေရန် ထိန်းသိမ်းရေးကော်မတီ လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်သည် ဩဂုတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (၄)မြို့နယ်အတွင်း ရေကြီးရေလျှံမဖြစ်စေရန် ထိန်းသိမ်းရေးကော်မတီ လုပ်ငန်းများ ကြည့်ရှုစစ်ဆေးရာ ကော်မတီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆည်မြောင်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ် စည်ပင်သာယာရေး ကော်မတီ အုပ်ချုပ်ရေးမှူးများ၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြို့နယ် အထောက်အကူပြု အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ လိုက်လံရှင်းလင်း တင်ပြကြပါသည်။





No comments:

Post a Comment