ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် တိုင်းဒေသကြီး
ဝန်ကြီးများဖြစ်ကြသော ဦးမြင့်သန်းနှင့် ဒေါက်တာဝင်းလှိုင် တို့နှင့်အတူ မန္တလေးမြို့
အမှတ်(၁၅) အခြေခံပညာ အထက်တန်းကျောင်း နီလာကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် ၂၀၁၃-၂၀၁၄
ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူ
များအား ဆုချီးမြှင့်ပွဲကို တက်ရောက် ချီးမြှင့်ခဲ့ပါသည်။ ရှေးဦးစွာ အသစ်ဖွင့်လှစ်သော
နီလာကျောင်းဆောင်သစ် ဆိုင်းဘုတ်ကို မန္တလေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်က
စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များက
အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း ပေးခဲ့ကြပါသည်။
No comments:
Post a Comment