ကျောက်မီးသွေး တွင်းသစ်
ဆောင်ရွက်ရန် အစီအစဉ်နဲ့ ပတ်သက်ပြီး ဂျာမနီနဲ့ ပိုလန်နယ်စပ် တစ်လျောက်မှာ
လက်ချင်းချိတ်ကာ ဆန္ဒပြကန့်ကွက် ခဲ့ကြကြောင်း သိရပါသည်။ ဂျာမနီ၏ ကာဝစ်ဇ်ကျေးရွာနဲ့
ပိုလန်နိုင်ငံ၏ ဂရာဘစ် ကျေးရွာတို့မှ ဒေသခံ(၇)ထောင် လောက်သည် ဂျာမနီ-ပိုလန်
စွမ်းအင်ဆိုင်ရာ စီမံကိန်းကို ရှေ့ဆက်ဆောင်ရွက် ခဲ့မယ်ဆိုလျင် ၄င်းတို့သည်
နေရာသစ်ပြောင်းရွေ့ နေထိုင်မှုများနဲ့ ရင်ဆိုင်ကြုံတွေ့ နိုင်တဲ့အတွက်ကြောင့်
အမျက်ဒေါသများ ဖြစ်ပွားနေကြတာ ဖြစ်ပါသည်။ ၄င်းတို့အတွက် သာမက ၄င်းတို့၏ အနာဂတ်
မျိုးဆက်သစ် များအတွက်ပါ ဖြစ်ကြောင်း ရာသီဥတု ပြောင်းလဲမှုသည် ၄င်းတို့၏ သားသမီးများအတွက်
တကယ့်အန္တရာယ် တစ်ခုဖြစ်နေပြီး ဒီအချက်ကြောင့်ပဲ ကျောက်မီးသွေး တွင်းများကို
နောက်ထပ် အလိုမရှိ တော့ကြောင်းနဲ့ ပိုမိုကောင်းမွန်တဲ့ ပြန်လည်ပြည်ဖြိုးမြဲ
စွမ်းအင်များကို ပြုလုပ်ဖန်တီးရန် လိုအပ်ကြောင်း ဒေသခံများက ပြောကြားခဲ့ပါသည်။
အညိုရောင် ကျောက်မီးသွေးများကို ဂျာမနီ လျှပ်စစ်စွမ်းအင် အားလုံး၏
(၄)ပုံ(၁)ပုံခန့် သုံးစွဲနေကြောင်း သိရှိရပါသည်။
No comments:
Post a Comment