Sunday, August 24, 2014

အီရန်နိုင်ငံခြားရေးဝန်ကြီးသည် အီရတ်နိုင်ငံသို့ ရောက်ရှိပြီး အီရတ်တာဝန်ရှိသူများနှင့် တွေ့ဆုံ

 အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗတ်ဇာရစ်သည် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့သို့ သြဂုတ်လ (၂၄)ရက်နေ့ မှာ ရောက်ရှိခဲ့ပြီး အီရတ်တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ ဘဂ္ဂဒက်လေဆိပ်မှာ အီရန်နိုင်ငံခြားရေး ဝန်ကြီးအားအီရတ် နိုင်ငံခြားရေး ဝန်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုကြပါသည်။ အဆိုပါ ခရီးစဉ်အတွင်း ဇာရစ်က ယခင်အီရတ် ဝန်ကြီးချုပ် နျူရီအယ် မာလကီနှင့် ယခုဝန်ကြီးချုပ် ရာထူးခန့်အပ်ခြင်း ခံခဲ့ရတဲ့ ဟိုင်ဒါအယ်လ် အဘဒီနှင့် တွေ့ဆုံသွားဖွယ် ရှိပါသည်။ အီရန်နိုင်ငံခြား ရေးဝန်ကြီးသည် အီရတ်နိုင်ငံခြားရေး ဝန်ကြီးနှင့်လည်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမှာ ဖြစ်ပါသည်။ အီရတ်နိုင်ငံ တည်ငြိမ်ရေးအတွက် အမေရိကန် နှင့်အတူ ပူးပေါင်းဖို့ ကမ်းလှမ်းခဲ့ကြောင်း သိရှိရပါသည်။ 



No comments:

Post a Comment