Friday, August 1, 2014

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဒသမပုံမှန် အစည်းအဝေး (၁၂)ရက်မြောက်နေ့ကျင်းပ




ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဒသမပုံမှန် အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ဒီကနေ့ ဩဂုတ်လ (၁)ရက် မနက်က နောက်ဆုံးနေ့အဖြစ် ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဦးရဲထွဋ်အား၎င်း၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဒေါက်တာ သန်းအောင်အား၎င်း ခန့်အပ်တာဝန် ပေးအပ်ရန် လွှတ်တော်က သဘောတူကြောင်း၊  လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ တင်သွင်းခြင်းတို့ ဆောင်ရွက်ခဲ့ပါတယ်။ ဆက်လက်ပြီး အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေဒေါ်လာ သန်း(၈၀) ချေးယူလိုခြင်း ကိစ္စနှင့်စပ်လျဉ်းပြီး လွှတ်တော် ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စု ဝန်ကြီးက ပြန်လည် ရှင်းလင်းခြင်း၊ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခြင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရဲ့ ငွေလုံးငွေရင်း အသုံးစရိတ်ကို အခြားစီမံကိန်းသို့ ပြောင်းလဲ သုံးစွဲခွင့်ပြုရန် ကိစ္စကို လွှတ်တော် ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေးခြင်း၊ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခြင်း၊ ကိုရီးယား သမ္မတနိုင်ငံ (ီနေိသညါ ဃသ.ယူအိ) မှ ကာလရှည် အရစ်ကျ ငွေချေစနစ်ဖြင့် လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူရန်ကိစ္စကို လွှတ်တော် ကိုယ်စားလှယ်(၃)ဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စု ဝန်ကြီးက ပြန်လည် ရှင်းလင်းခြင်း၊ လွှတ်တော်က အတည် မပြုကြောင်း ဆုံးဖြတ်ခြင်း၊ အာဆီယံ ဒေသတွင်း ဆေးပစ္စည်း အရည်အသွေး ကွပ်ကဲရေးဆိုင်ရာ သဘော တူညီချက်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ် ရေးထိုးရေး ကိစ္စကို ရှင်းလင်း တင်ပြခြင်း၊ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါတယ်။ ဆက်လက်ပြီး မြန်မာ-တရုတ် နယ်နိမိတ်များကို နှစ်ဘက်ပူးတွဲ ကွင်းဆင်း စစ်ဆေးခြင်းနဲ့ စပ်လျဉ်းပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ရှင်းလင်း တင်ပြသည်။

No comments:

Post a Comment