ပြည်ထောင်စု
လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ
ကျေးလက်လူမှုဘဝ မြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဌ
ဦးသိန်းဇော်နှင့် ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ
ကော်မတီ ဥက္ကဌ ဦးသိန်းဆွေ တို့နှင့်အတူ ဒီကနေ့ ဩဂုတ်လ (၁)ရက် မွန်းလွဲ (၁၂)နာရီ(၄၅)မိနစ်တွင်
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင်၌ ပြည်တွင်းသတင်းစာ၊ ဂျာနယ်များနှင့်
ပြည်တွင်းအခြေစိုက် ပြည်ပ သတင်းဌာနများမှ အယ်ဒီတာများနှင့် သတင်းထောက် များအား လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု လွှတ်တော် နာယက က ပြည်တွင်းသတင်းစာ၊ ဂျာနယ်များနှင့်
ပြည်တွင်းအခြေစိုက် ပြည်ပ သတင်းဌာများမှ သတင်းထောက်များ၏ မေးမြန်းချက်များ အပေါ် ပြန်လည်
ရှင်းလင်း ဖြေကြားခဲ့သည်။ တွေ့ဆုံပွဲသို့ ပြည်တွင်းသတင်းစာ၊ ဂျာနယ်များနှင့် ပြည်တွင်းအခြေစိုက်
ပြည်ပသတင်းဌာန (၂၄)ခုတို့မှ အယ်ဒီတာနှင့် သတင်းထောက် စုစုပေါင်း (၄၁)ဦး တက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment