Sunday, August 24, 2014

လက်ဘနွန်နိုင်ငံ တောင်ပိုင်းမှ ဒုံးကျည်(၂)စင်းဖြင့် အစ္စရေးဘက်သို့ ပစ်ခတ်

လက်ဘနွန်နိုင်ငံ တောင်ပိုင်းမှ ဒုံးကျည်(၂)စင်းဖြင့် သြဂုတ်လ (၂၃)ရက်နေ့က အစ္စရေးဘက်သို့ ပစ်ခတ်ခဲ့ကြောင်းနဲ့ ဘယ်သူများက ပစ်ခတ်ခဲ့ သလဲဆိုတာ မသိရှိ ရသေးကြောင်း လက်ဘနွန် နိုင်ငံပိုင် သတင်းဌာနနဲ့ လုံခြုံရေးဌာနက ပြောကြားခဲ့ပါသည်။ ပထမဒုံးကျည်သည် လက်ဘနွန် နယ်စပ်အနီး အနောက်ဘက် ဂယ်လီလီဒေသရှိ အဆောက်အဦး တစ်ခုကို ထိမှန်ခဲ့ပြီး သေဆုံးသူ ရှိမရှိဆိုတာကို မသိရှိရသေးပေမဲ့ ၄င်းနေရာမှာ လူနာတင်ကား အများအပြား ရှိခဲ့ကြောင်း အစ္စရေး သတင်းဌာနက ပြောကြားခဲ့ပါသည်။ တိုင်ယာရှိ အန်အန်အေ သတင်းဌာန၏ သတင်းထောက်က ဒုံးကျည်များသည် လက်နက်ကိုင် များဆီသို့ ပစ်ခတ်တာ ဖြစ်ကြောင်းနဲ့ လက်ဘနွန် တပ်ဖွဲ့ကဒုံးကျည် ပစ်လွတ်ရာလို့ ယူဆရတဲ့ နေရာကို ဝိုင်းရံခဲ့ပါသည်။ ဒီတိုက်ခိုက်မှုသည် ဘယ်သူ လက်ချက်ဆိုတာ မသိရှိရသေးပေမဲ့ ပြီးခဲ့တဲ့လက လက်ဘနွန်ရှိ လက်နက်ကိုင်များက အစ္စရေးသို့ ဒုံးကျည်ဖြင့် (၃)ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ပြီး အယ်လ်ကေဒါနဲ့ ဆက်စပ်နေတဲ့ လက်နက်အုပ်စုက ဒုံးကျည်များနဲ့ ပစ်ခတ်ခဲ့ကြောင်း ဝန်ခံခဲ့ဖူးပါသည်။ လက်ဘနွန်မှ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တစ်စင်းသည် အစ္စရေး မြောက်ပိုင်း ကမ်းရိုးတန်းရှိ အက်က်ရီမြို့ အနီးသို့ ကျရောက်ခဲ့ကြောင်း အစ္စရေး တပ်ဖွဲ့က ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။ 



No comments:

Post a Comment