အစ္စရေးတို့၏ သြဂုတ်လ
(၂၃)ရက်နေ့က လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဂါဇာမြို့လယ်ရှိ (၁၃)ထပ် အဆောက်အဦး
ပြိုကျပျက်စီးခဲ့ပြီး လူ(၁၇)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့နဲ့
ဂါဇာကျန်းမာရေး ဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ အစ္စရေး တပ်ဖွဲ့၏
ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ၄င်းအဆောက် အဦးသည် သည်းမတ်စ်များ အမိန့်ပေးရာမှာ
အသုံးပြုတဲ့ အဆောက်အဦး ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒေသခံများသည် ၄င်းအဆောက်အဦးမှာ
မိသားစု(၄၄)စု နေထိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အီဂျစ်၊ အစ္စရေးနဲ့
ပါလက်စတိုင်းကို အပစ်အခတ် ရပ်စဲရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ဖို့
မနေ့က ပြောကြားခဲ့ပေမဲ့ အစ္စရေးဘက်သို့ ဒုံးကျည်များနဲ့ ပစ်ခတ်နေကြောင်း သိရပါသည်။
ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်စ်က အီဂျစ်သမ္မတ အဗ္ဗဒူလ်ဖာတာ အယ်လ်စီစီအား
သည်းမတ်စ်တို့သည် အီဂျစ်ကိုလာပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ကြောင်း
အီဂျစ်အဆင့်မြင့် သံအမတ်တစ်ဦးက ပြောကြားခဲ့ပါသည်။ ဂါဇာပဋိပက္ခကြောင့် ပါလက်စတိုင်း
ဘက်မှ(၂၀၈၂)ဦး သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများ ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment