အာဆီယံ-တရုတ် ကုန်စည်ပြပွဲအတွက်
လှယဉ်ကျေးမယ်များကို ကြိုတင် လေ့ကျင့်ပေးရန်နှင့် အာဆီယံနှင့် တရုတ်နိုင်ငံများအကြား
ယဉ်ကျေးမှုကဏ္ဍ အပြန်အလှန် ဖလှယ်မှု ပိုမိုမြှင့်တင်နိုင်ရေးအတွက် ကျင်းပတဲ့ (၁၀)ကြိမ်မြောက်
အာဆီယံ-တရုတ် လှယဉ်ကျေးမယ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် အနုပညာ ပဒေသာကပွဲကြီးကို
ဩဂုတ်လ(၂၉) ရက်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ လျောင်နင်းပြည်နယ် တာ့လျန်မြို့ရှိ တာ့လျန်
အင်တာနေရှင်နယ် ကွန်ဖရင့်စင်တာမှာ ကျင်းပခဲ့ပါသည်။ အာဆီယံ-တရုတ် လှယဉ်ကျေးမယ် ပြိုင်ပွဲကို
တရုတ်နိုင်ငံ ယဉ်ကျေးမှုမြှင့်တင်ရေး ကော်မတီမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး ကွမ်းရှီးယဉ်ကျေးမှု
ဖလှယ်ရေးအသင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ကျင်းပတာ ဖြစ်ပါသည်။ အဲဒီအခမ်းအနားမှာ ပွဲဖြစ်မြောက်ရေး
ကော်မတီ ဥက္ကဋ္ဌ မိစ်ပန်လင်းနဲ့ အဖွဲ့ဝင်များက အကဲဖြတ် အမှတ်ပေးကြပါတယ်။ အခမ်းအနားကို
အာဆီယံ-တရုတ် လှယဉ်ကျေးမယ်ပြိုင်ပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ မိစ်ပန်လင်း၊ မြန်မာနိုင်ငံ
ကောင်စစ်ဝန်ချုပ် ဦးမြင့်ထွန်းနဲ့ တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ ကြပါသည်။ ပြိုင်ပွဲမှာ
တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံများမှ လှယဉ်ကျေးမယ် စုစုပေါင်း (၆၃)ဦး ပါဝင်ပြီး အာဆီယံနိုင်ငံများဖြစ်တဲ့
မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှ လှယဉ်ကျေးမယ် (၉)ဦးတို့
ပါဝင်ယှဉ်ပြိုင် ကြပါတယ်။ အဲဒီနောက် လှယဉ်ကျေးမယ်လေးများက အနုပညာ အက၊အလှများ၊ ပြိုင်ပွဲဝင်
ဝတ်စုံများဖြင့် ပါဝင်ယှဉ်ပြိုင် ကြပါသည်။ ဆက်လက်ပြီး ဆုပေးပွဲ အခမ်းအနားကို ကျင်းပပါတယ်။
(၁၀)ကြိမ်မြောက် အာဆီယံ-တရုတ် လှယဉ်ကျေးမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု
ပါဝင်ယှဉ်ပြိုင်ကြတဲ့ ခါးနံပတ် (၂၄) မချောစုလင်းဖြူသန့်က (Miss
International Friendship Awards)
ဆုရရှိပြီး ခါးနံပတ်(၃) မအိန္ဒြာသီရိကို က အာဆီယံ-တရုတ် လှယဉ်ကျေးမယ်ဆုကြီးကို ဆွတ်ခူးရရှိခဲ့ပါသည်။
ပြိုင်ပွဲနဲ့ ပတ်သက်ပြီး တာဝန်ရှိသူများနဲ့ ဆုရရှိသူများရဲ့ စကားသံကိုလည်း အခုလိုကြားသိရပါသည်။
No comments:
Post a Comment