Sunday, August 31, 2014

ဆီနီဂေါနိုင်ငံ၏ ပထမဆုံး အီဘိုလာရောဂါ ဝေဒနာရှင် မြို့တော်ဒါကာရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှု ခံယူနေ

ဆီနီဂေါနိုင်ငံရဲ့ ပထမဆုံး အီဘိုလာရောဂါ ဝေဒနာရှင်ဟာ ဂီနီနိုင်ငံရှိ ၄င်းရဲ့အကိုဖြစ်သူထံမှ ရောဂါကူးစက်ခံရပြီး ယခုအခါ ဆီနီဂေါနိုင်ငံရဲ့ မြို့တော်ဒါကာရှိ ဆေးရုံတစ်ခုမှာ ဆေးကုသမှု ခံယူနေကြောင်း ဂီနီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌါနက သြဂုတ်လ (၃၀)ရက်နေ့က ပြောကြားခဲ့ပါသည်။ ၄င်းဟာ ဂီနီနိုင်ငံရှိ ၄င်းရဲ့အကိုဖြစ်သူထံသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် ဖျားနာလာခဲ့ပါသည်။ ၄င်းရဲ့အကိုဟာ ဆီရီယယ်လျူန်းနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် ဂီနီနိုင်ငံသို့ပြန်လာပြီး အီဘိုလာရောဂါဖြင့် သေဆုံးခဲ့တာဖြစ်ကြောင်း ဒေသအာဏာပိုင်များရဲ့ ပြောကြားချက်အရ သိရပါသည်။


No comments:

Post a Comment