Thursday, August 7, 2014

ဖင်လန်နိုင်ငံ ဟဲလ်ဆင်ကီတွင် မိုမင်ကာတွန်ရေးသူးသူ တော့ဗ်ဂျန်ဆင်၏ နှစ်(၁၀ဝ)ပြည့် မွေးနေ့ပွဲအဖြစ် ပြခန်းတစ်ခုဖွင့်လှစ်ပြသ

ဖင်လန်နိုင်ငံ ဟဲလ်ဆင်ကီတွင် မိုမင်ကာတွန်ရေးသူးသူ တော့ဗ်ဂျန်ဆင်၏ နှစ်(၁၀ဝ)ပြည့် မွေးနေ့ပွဲအဖြစ် ပြခန်းတစ်ခုဖွင့်လှစ်ပြသ ခဲ့ပါသည်။ ကမ္ဘာကျော်မိုမင်ကာတွန်းရုပ်ရှင်မှ ဇာတ်ကောင်များ၊ ဇာတ်ဝင်ခန်းတွင် ပါဝင်တဲ့နေရာများကို ခင်းကျင်းပြသထားရပြီး ဒီပြခန်းအတွင်းသို့ မိုမင်ကာတွန်းဝါသနာရှင် ပရိတ်သတ်များ လာရောက် ကြည့်ရှုခဲ့ကြပါသည်။ ဒီပြခန်းမှာစစ်ပွဲမတိုင်ခင်က ရေးဆွဲခဲ့တဲ့ ပန်းချီကားချပ်များကိုလည်း ပြသထားကြောင်း သိရပါသည်။ ဒါ့အပြင်ပြခန်းကို လာရောက်တဲ့ပရိတ်သတ်များကိုလဲ ပြခန်းအပြင်ဖက်မှာ မိုမင်ဇာတ်ကောင်ရုပ်အင်္ကျီများ ဝတ်ဆင်ထားတဲ့ လူများက ကပြဖျော်ဖြေခဲ့ကြပါသည်။ မိုမင်ကာတွန်းများဟာ ကမ္ဘာအနှံ့လွန်စွာကျော်ကြားခဲ့ပြီး နိုင်ငံပေါင်းများစွာသို့ ဘာသာစကားပေါင်းများစွာဖြင့် ဘာသာပြန်ဆိုဖြန့်ချီခဲ့ဖူးကြောင်း သိရှိရပါသည်။

No comments:

Post a Comment