Thursday, August 7, 2014

အီတလီကျွန်းဆွယ် ဂစ်ဂလီယိုကျွန်းအနီးမှာ ဆယ်ယူခဲ့သည့် ကော်စတာကွန်း ကောဒီးယားထဲမှာ ရေငုတ်သမားများက အရိုးအကြွင်းအကျန်များ တွေ့ရှိ

ပြီးခဲ့တဲ့ နှစ်ပတ်လောက်က အီတလီကျွန်းဆွယ် ဂစ်ဂလီယိုကျွန်းအနီးမှာ ဆယ်ယူခဲ့သည့် ကော်စတာကွန်းကောဒီးယားထဲမှာ ရေငုတ်သမားများက အရိုးအကြွင်းအကျန်များ (၈-၈-၁၄) ရက်နေ့က တွေ့ရှိခဲ့ကြောင်း သိရပါသည်။ လွန်ခဲ့တဲ့(၂)နှစ်ခွဲလောက်က နှစ်မြှုပ်ခဲ့တာဖြစ်ပြီး ဒီအရိုးများဟာ သင်္ဘောကျောက်ဆောင်နဲ့ တိုက်မိပြီးနှစ်မြှုပ်စဉ်မှာ စားပွဲထိုးနေတဲ့ အိန္ဒိယလူမျိုးတစ်ဦးရဲ့ ရုပ်အလောင်းဖြစ်နိုင်ကြောင်း သိရပါတယ်။ (၃၂)ဦး သေဆုံးပြီး ရပ်ဆယ်လ်-ရက်ဆယ်လိုရဲ့ ဆွေမျိုးများကိုတော့ တွေ့ရှိကြောင်းနဲ့ တွေ့ရှိရာနေရာကို အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရပါသည်။ ဒါ့အပြင်အရိုးများဟာ မာရီယာ-ရရာဇီယာ-ထရီကာရီရဲ့ အရိုးဖြစ်နိုင်သေးတာမို့ ၄င်းရဲ့မိဘဆွေမျိုးများကိုပါ အကြောင်းကြားထားကြောင်း ပြည်သူ့လုံခြုံမှု ကာကွယ်ရေးအဖွဲ့က ဆိုပါသည်။ ကို့စ်စတာကွန်ကောဒီးယားဟာ (၂၀၁၂)ဇန်နဝါရီလမှ နစ်မြှုပ်ခဲ့ပြီး ကျောက်ဆောင်များနဲ့ ထိရိုက်မိကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment