Sunday, August 31, 2014

အယ်လ်ကိုင်ဒါနှင့် ဆက်နွယ်သည့် အုပ်စုများက ဖမ်းဆီးထားတဲ့ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးဖို့အတွက် စေ့စပ်ညှိနှိုင်း

ဂိုလန်ကုန်းမြင့်ဒေသရဲ့ ဆီးရီးယားဘက်ခြမ်းမှာ အယ်လ်ကိုင်ဒါနဲ့ဆက်နွယ်သည့် အုပ်စုများက ဖမ်းဆီးထားတဲ့ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးဖို့အတွက် စေ့စပ်ညှိနှိုင်း ဆွေးနွေးပွဲများကို သြဂုတ်လ (၃၁)ရက်နေ့မှာ အစီအစဉ်အတိုင်း ပြုလုပ်ခဲ့ပေမဲ့ ၄င်းရဲ့တပ်ဖွဲ့ဝင်များအတွက် စိုးရိမ်မိကြောင်း မီဂျီတပ်ဖွဲ့ရဲ့ အကြီးအကဲက ပြောကြားခဲ့ကြောင်း သိရပါသည်။ မီဂျီမှ ကုလသမဂ္ဂဆိုင်ရာ ငြိမ်းချမ်းရေးတပ်ဖွဲ့ (ယူအန်ဒီအိုအက်ဖ်)မှ တပ်ဖွဲ့ဝင်(၄၄)ဦးကို လက်နက်ကိုင်များက အခုလ(၂၈)ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ၄င်းလက်နက်ကိုင်များဟာ အစ္စရေးနဲ့ ဆီးရီးယားကြား နယ်စပ်မှာ တိုက်ခိုက်မှုတွေပြုလုပ်တဲ့ အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်ပါသည်။ နယ်စပ်မှာအဖမ်းခံရတဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်(၇၀)ကျော်ဟာ ထိခိုက်မှုမရှိပေမဲ့ ၄င်းတို့ရဲ့တည်နေရာကို မသိရှိကြောင်း ကုလသမဂ္ဂနဲ့ ဖိလစ်ပိုင်တို့က ပြောကြားခဲ့ပါသည်။  မီဂျီနဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များဟာ ဂိုလန်ကုန်းမြင့်ဒေသမှာ (ယူအန်ဒီအိုအက်ဖ်) တပ်ဖွဲ့နဲ့အတူ တာဝန်ထမ်းဆောင်နေတာဖြစ်ကြောင်း သိရှိရပါသည်။


No comments:

Post a Comment