Sunday, August 31, 2014

ယူကရိန်းနိုင်ငံတွင် ရုရှား၏လှုပ်ရှား ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ကန့်ကွက်ရန် ဥရောပသမဂ္ဂ တာဝန်ရှိသူများအား ခွင့်ပြု

ယူကရိန်းနိုင်ငံမှာ ရုရှားရဲ့လှုပ်ရှား ဆောင်ရွက်မှုများနဲ့ ပတ်သက်ပြီး ကန့်ကွက်ဖို့ သီတင်းတစ်ပတ်အတွင်း အဆိုပြုချက်များတင်သွင်းရန် ဥရောပသမဂ္ဂ တာဝန်ရှိသူများအား ခွင့်ပြုပေးခဲ့ကြောင်း ဥရောပကောင်စီ ဥက္ကဌ(ဟာမန်-ဗွန်-ရောမ်ပွီး)က သြဂုတ်လ (၃၁)ရက်နေ့မှာ ပြောကြားခဲ့ပါသည်။ ဥရောပကောင်စီ ဥက္ကဌကနေ နိုဝင်ဘာလ(၃၀)ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့ (ဗွန်-ရောမ်ပွီး)က အဆိုပြုချက်များဟာ ပဋိပက္ခရဲ့ ဆင့်ကဲပြောင်းလဲမှုအပေါ် မှီတည်နေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံဟာ အနောက်နိုင်ငံများနဲ့ ဆက်ဆံရေး လျော့ရဲစေနိုင်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက သတိပေး ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂ ခေါင်းဆောင်များဟာ မနေ့ကအစောပိုင်းမှာ ဥရောပကောင်စီရဲ့ ဥက္ကဌသစ်အဖြစ် ပိုလန်ဝန်ကြီးချုပ် (ဒေါ်နယ်လ်-တက်စ်)အား ခန့်အပ်ခဲ့ပြီး ၄င်းဟာ ရုရှားနိုင်ငံနဲ့ သံတမန်နည်းအရ ဖြေရှင်းရေးကို လိုအပ်နေသူဖြစ်ကြောင်းလည်း အလေးထား ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။


No comments:

Post a Comment