ငါးမန်းအကာအကွယ် ဘာမှမပါဘဲ ကျူးဘားကနေ ဖလော်ရီဒါရေလက်ကြားကို
ဖြတ်သန်းကူးခတ်ခဲ့ပြီး ပဉ္စမအကြိမ်မြောက် ကြိုးပမ်းမှုမှာ သူ့ရဲ့စိတ်ကူး အိပ်မက်တွေကို
အကောင်အထည်ဖော်နိုင်ခဲ့တဲ့ အသက်(၆၅)နှစ်အရွယ် အမေရိကန်ခရီးရှည် ရေကူးမယ် ဒိုင်ယာနာညက်ဟာ
ပြီးခဲ့တဲ့သောကြာနေ့က သူ့ရဲ့သမိုင်းဝင်ရေကူးမှု တစ်နှစ်ပြည့်အထိမ်းအမှတ်ကို ကျင်းပခဲ့ပြီး
နောက်တစ်ရက်မှာပဲ ကျူးဘားနိုင်ငံရဲ့အမြင့်ဆုံး အားကစားဆု ချီးမြှင့်ခံခဲ့ရတယ်လို့ သိရပါသည်။
ညက်ဟာ ရေလက်ကြားကို ဖြတ်သန်းကူးခတ်နိုင်ခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သလို ကျူးဘားနိုင်ငံရဲ့
အမြင့်ဆုံးအားကစားဆုကို ချီးမြှင့်ခံခဲ့ရတဲ့ ပထမဆုံး အမေရိကန်လူမျိုးတစ်ဦးဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment