တရုတ်နိုင်ငံအနောက်မြောက်ပိုင်း နင်ဂျာဟွေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ
တရုတ်နိုင်ငံရဲ့ ရိန်းဘိုးဖိုးလို့ခေါ်တဲ့ (ကိုင်ဟုန်ဖိုး) လူလိုက်ပါခြင်းမရှိတဲ့ လေယာဉ်ယူအေဗွီကို
မကြာသေးခင်က စမ်းသပ်ပျံသန်းမှု အောင်မြင်ခဲ့ကြောင်း သိရပါသည်။ ၄င်းရိန်းဘိုးဖိုးဟာ တရုတ်နိုင်ငံရဲ့
ယူအေဗွီများထဲမှာ အကောင်းဆုံးလေယာဉ်ဖြစ်ပြီး အမြင့်(၈)ကီလိုမီတာမှာ နာရီ(၄၀)ပျံသန်းနိုင်ပြီး
တစ်နာရီလျှင် ကီလိုမီတာ(၃၀ဝ) ပျံသန်းနိုင်ပါသည်။ ၄င်းကို တရုတ်နိုင်ငံရဲ့ ပြည်တွင်းဖြစ်
အဝေးထိန်းကင်းထောက် လေယာဉ်ငယ်အတွက် ပထမဆုံးပျံသန်းမှုဖြစ်ပြီး စမ်းသပ်မှုအကြိမ်ကြိမ်
ပြုလုပ်ခဲ့ပါသည်။ ၄င်းယာဉ်ဟာ ဒုံးကျည်များ ဗုံးများနဲ့အတူ လက်နက်များ တပ်ဆင်နိုင်ပါသည်။
စမ်းသပ်ပျံသန်းမှုအတွင်း လေ့ကျင့်စမ်းသပ် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment