Friday, August 1, 2014

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား NRC ရုပ်သံလိုင်း ထုတ်လွှင့်မှု အချိန်ပြောင်းလဲ ထုတ်လွှင့်မည်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (NRC) ရုပ်သံလိုင်း ထုတ်လွှင့်မှုကို ၂၀၁၄ ခုနှစ် ဧပြီလ(၁)ရက်နေ့မှ ဇူလိုင်လ(၃၁)ရက်နေ့ အထိ နံနက်(၆)နာရီမှ စတင်၍ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ဝ၊ ကချင် ဘာသာများကို ည(၁၁)နာရီအထိ ထုတ်လွှင့်ခဲ့ပါသည်။ ယခု (NRC) ရုပ်သံလိုင်း ထုတ်လွှင့်ချိန်ကို ပြောင်းလဲထုတ်လွှင့်ရန် အတွက် ထုတ်လွှင့်မှုကို ၂၀၁၄ ခုနှစ် ဒီကနေ့ (၁-၈-၁၄) ရက်နေ့မှ စ၍ နိုဝင်ဘာလ(၃၀)ရက်နေ့ထိ နံနက်(၆)နာရီမှ (၇)နာရီအထိ စကောကရင်ဘာသာ အစီအစဉ်၊ နံနက်(၇)နာရီမှ (၈)နာရီအထိ အနောက်ပိုးကရင်ဘာသာ အစီအစဉ်၊ (၈)နာရီမှ(၉)နာရီထိ အရှေ့ပိုးကရင် ဘာသာအစီအစဉ်၊ (၉)နာရီမှ (၁၀)နာရီထိ ချင်း(လိုင်ဇိုး) ဘာသာအစီအစဉ်၊ (၁၀)နာရီမှ (၁၁)နာရီအထိ ချင်း(ချိုး)ဘာသာ အစီအစဉ်၊ (၁၁)နာရီမှ (၁)နာရီထိ မွန်ဘာသာအစီအစဉ်၊ (၁)နာရီမှ (၃)နာရီအထိ ရခိုင်ဘာသာအစီအစဉ်၊ (၃)နာရီမှ (၅)နာရီအထိ ရှမ်းဘာသာ အစီအစဉ်၊ (၅)နာရီမှ(၇)နာရီအထိ ဝ ဘာသာအစီအစဉ်၊ (၇)နာရီမှ(၉)နာရီအထိ ကချင်ဘာသာ အစီအစဉ်၊ (၉)နာရီမှ(၁၁)နာရီအထိ ကယားဘာသာ အစီအစဉ်တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲ ထုတ်လွှင့်မည် ဖြစ်ပါသည်။ 

No comments:

Post a Comment