Friday, August 1, 2014

အမေရိကန်သံရုံး၏ ဒုတိယအတွင်းဝန် ဒီမိုကရေစီရေးရာနှင့် အုပ်ချုပ်ရေးရုံး (USAID) မှ ဒုတိယညွှန်ကြားရေးမှူးတို့နှင့် တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဌ ဦးတီခွန်မြတ် အား အမေရိကန်သံရုံး၏ ဒုတိယအတွင်းဝန် ဒီမိုကရေစီရေးရာနှင့် အုပ်ချုပ်ရေးရုံး (USAID) မှ ဒုတိယ ညွှန်ကြားရေးမှူး Mrs. Andrea Sawka သည် ဇူလိုင်လ (၃၀)ရက်နေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ရေးရာဆောင် (အိုင်-ဝမ်း)၌ လာရောက် တွေ့ဆုံသည်။ အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဌ ဦးလှမြင့်ဦး၊ ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးသောင်းနှင့် ဦးဘရှိန်တို့ တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment