Sunday, September 28, 2014

ပြင်သစ်နည်းပညာ ကုမ္ပဏီတစ်ခုမှ အလိုအလျှောက် ပါကင်ထိုးနိုင်မည့် App တစ်ခုကို တီထွင်

ပြင်သစ် နည်းပညာ ကုမ္ပဏီတစ်ခုဟာ အလိုအလျောက် ပါကင်ထိုးနိုင်မဲ့ App တစ်ခုကို တီထွင်ခဲ့ကြောင်း သိရပါသည်။ (အလိုအလျောက်ပဲ သူ့ဟာသူကားကို ပါကင်ထိုးပါသည်။ သင့်ရဲ့ဖုန်းလေးကို ကားပါကင်ထိုးဖို့ တစ်ချက်လေး သပ်လိုက်ရုံပါပဲ။ အထူးသဖြင့်တော့ သက်ကြီးရွယ်အို တွေအတွက် အထူးကို အသုံးဝင်ပါသည်။ မြို့ကြီးပြကြီးမှာ ယာဉ်ကြောတွေ ရှုပ်ထွေးခဲ့ရင် အဆင်ပြေစေမှာ ဖြစ်ပါတယ်)လို့ (ဗာလီယို) တီထွင်မှု ဒါရိုက်တာ ဂွာလျူးမီး ဒီဗူချီလီက ပြောပါသည်။ ပြင်သစ်ကုမ္ပဏီ ဗာလီယိုဟာ အဆိုပါ နည်းပညာသစ် App ကို ကားပါကင်ထိုး နိုင်ဖို့အတွက် တီထွင်ခဲ့ပြီး စမတ်ဖုန်းလေးကို လက်လေးနဲ့ တစ်ချက်သပ်လိုက်ရုံပဲ ဖြစ်ပါတယ်။ ယခုတီထွင်မှုမှာ အသံလှိုင်း အာရုံခံစနစ်ကို အသုံးပြုထားပြီး မောင်းနှင်စရာမလိုပဲ ကင်မရာများ လေဆာ စကင်နာတွေက လုံခြုံမှုရှိစွာနဲ့ သင့်ကားကို ပါကင်ထိုးပေးမှာ ဖြစ်ကြောင်း သိရှိရပါသည်။


No comments:

Post a Comment