ကမ္ဘာပေါ်မှာ
အဆိပ်ဖြစ်စေသည့် ပိုးသတ်ဆေးများကို လယ်ယာ လုပ်ငန်းခွင်များတွင် အသုံးပြုမှုများပြား
လာသည့်အတွက် အစားအစာများသုံးစွဲရာမှာ အန္တရာယ်ဖြစ်စေပြီး လေထုညစ်ညမ်း မှုများကို ဖြစ်ပေါ်စေလျက်
ရှိပါသည်။ နော်ဝေနိုင်ငံရှိ ဆော်လမွန်ငါး မွေးမြူရေး ကန်များမှာ ဓါတုဆေးဝါးများ ဖြစ်တဲ့
ပိုးသတ်ဆေးများ အသုံးပြုတယ်လို့ ဝေဖန်မှုများ ဖြစ်ပေါ်ပြီးနောက် အဆိုပါ ပြဿနာကို ဖြေရှင်းဖို့
နော်ဝေငါး လုပ်ငန်းမှ ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ ဓါတုဆေးဝါးများ အသုံးပြုခြင်းဟာ ကင်ဆာဖြစ်ပွား
မှုများကို ဖြစ်စေကြောင်း မှတ်တမ်းများမှာ ဖော်ပြထားပြီး နော်ဝေမှာ တစ်နှစ်လျှင် ဆော်လမွန်ငါး
တစ်သန်းကျော် ထွက်ရှိနေပါသည်။ နော်ဝေနိုင်ငံမှာ ဆော်လမွန်ငါးကန် (၁၁၄)ကန်ရှိပြီး ဆော်လမွန်ငါး
အများဆုံးတင်ပို့တဲ့ နိုင်ငံလည်း ဖြစ်ပါသည်။ နော်ဝေရှိ ဆော်လမွန်ငါး မွေးမြူသူများကို
ဓါတုကုထုံးဖြင့် မွေးမြူခြင်းကို ရပ်ဆိုင်းမှုပြုပြီး အန္တရာယ်ကင်းရှင်းင်္ပြီး အဆင့်အတန်းမှီတဲ့
ဆော်လမွန်ငါးများကို မွေးမြူထုတ်လုပ် တင်ပို့သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့
သိရှိရပါသည်။
No comments:
Post a Comment