Tuesday, September 30, 2014

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

ပထမအကြိမ် အမျိုးသား လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို အောက်တိုဘာလ (၁) မနက် (၁၀)နာရီတွင် ဆက်လက်ကျင်းပရာ နိုင်ငံတော်အစိုးရ ၀န်ထမ်းများ၏ မြို့ပြပင်စင်များ သင့်လျော်သော ကာလတွင် တိုးမြှင့်ပေးနိုင်ရေး တွက်ချက်မှုပြုပြင်ပေးပါရန်၊ လားရှိုးမြို့ ဟူးမွန်ကျေးရွာ အုပ်စုအတွင်း စိုက်ပျိုးရေရရှိရန်အတွက် နမ့်လောင်းချောင်းမှ ရေကို နည်းပညာ စနစ်တကျဖြင့် ရေလွှဲဆည် တူးမြောင်းတည်ဆောက်ပေးရန် အစီအစဉ် ရှိ/ မရှိ စသည့်ဖြင့် မေးခွန်း (၃)ခု မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ဒုတိယ၀န်ကြီးများက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံ အဆောက်အအုံ ဆိုင်ရာ ကိုဓဥပဒေကို ပြုစုထုတ်ဝေ၍ ကိုဓဥပဒေ ပြဋ္ဌာန်းချက်များပါ အတိုင်း လိုက်နာကျင့်သုံးစေရေး ဆောင်ရွက်နိုင်ပါရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၄)ဦးတို့က ပါဝင်ဆွေးနွေး ခဲ့ကြပါသည်။


No comments:

Post a Comment