Tuesday, September 30, 2014

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို အောက်တိုဘာလ (၁) မနက် (၁၀)နာရီတွင် ဆက်လက်ကျင်းပရာ ၀န်းသိုမြို့ စောဘွားကန်ကို ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ၊ နိုင်ငံတော် စီးပွားရေးအတွက် ၀င်ငွေပိုမို တိုးတက်လာစေရန်နှင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ မြှင့်တင်နိုင်ရန် မြန်မာ့ခရီးသွား နှစ်တစ်နှစ်ကို သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ စသည်ဖြင့် မေးခွန်း (၅)ခု မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ဒုတိယ၀န်ကြီးများက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်ပြီး မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခြင်းကြောင့် ပဲခူးတိုင်းဒေသကြီးနှင့် တိုင်းဒေသကြီး ပြည်နယ်အချို့တွင် ရေကြီးနစ်မြုပ် ပျက်စီးသွားသော လယ်ယာမြေများအား စနစ်တကျ စိစစ်ရန် လိုအပ်သော ထိရောက်သည့် ကူညီထောက်ပံ့မှုများ အမြန်ဆုံး ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်း၊ ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြင်ဆင်ချက်ဖြင့် အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။


No comments:

Post a Comment