Tuesday, September 30, 2014

အီရတ်တွင် စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်နေသည့် ဗြိတိန် တိုက်ဂျက်လေယာဉ် နှစ်စင်းသည် ဆိုက်ပရက်စ်ရှိ လေကြောင်း အခြေစိုက်စခန်းသို့ ပြန်လည် ရောက်ရှိ

အီရတ်နိုင်ငံမှာ စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်နေသည့် ဗြိတိန် တိုက်ဂျက်လေယာဉ် နှစ်စင်းဟာ မြေပြင်မှ ပျံတက်ပြီး လေးနာရီကြာပြီးနောက် ပြီးခဲ့သည့် (၂၈-၉-၁၄) ရက်န့က ဆိုက်ပရက်စ်ရှိ လေကြောင်း အခြေစိုက်စခန်းသို့ ပြန်လည် ရောက်ရှိခဲ့ပါသည်။ သို့သော် ၄င်းတို့၏ ဆောင်ရွက်ချက် အသေးစိတ်ဖြစ်သည့် လေကြောင်း တိုက်ခိုက်မှု (သို့မဟုတ်) ထောက်လှမ်းခြင်း ဆိုသည်ကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရှိရသေးဘဲ ရှိပါသည်။ ၄င်းတော်နေးဒိုး တိုက်ဂျက်လေယာဉ် နှစ်စင်းသည် ဆိုက်ပရက်စ်ရှိ ဗြိတိန်တော်ဝင်လေတပ် အခြေစိုက်စခန်းသို့ ဂရင်းနစ်စံတော်ချိန် (၁၅၀ဝ)ခန့်မှာ ရောက်ရှိခဲ့တာ ဖြစ်ပြီး ၄င်းနေရာမှာ အခြား ဗြိတိန် တော်နေးဒိုး တိုက်လေယာဉ် (၆)စင်းသည် ပြီးခဲ့သည့် ဩဂုတ်လ ကတည်းက စခန်းချထားခြင်း ဖြစ်ပါသည်။ 

No comments:

Post a Comment